Menu

Myanmar Aerospace Engineering UniversityNews, Events, Activities

MAEU

MAEU

Website URL:
မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်သို့ Irrawaddy Green Tower Ltd.(IGT) မှ ပညာရည်ထူးချွန်သော ဘွဲ့ရကျောင်းသား/သူများကို အလုပ်သင်အဖြစ်ခေါ်ယူသည့် Campus Recruitment 2024 ကျင်းပပြုလုပ်ခြင်း။

မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်သို့ Irrawaddy Green Tower Ltd.(IGT) မှ ပညာရည်ထူးချွန်သော ဘွဲ့ရကျောင်းသား/သူများကို အလုပ်သင်အဖြစ်ခေါ်ယူသည့် Campus Recruitment 2024 ကျင်းပပြုလုပ်ခြင်း။

မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်သို့ Irrawaddy Green Tower Ltd.(IGT) မှ ပညာရည်ထူးချွန်သော ဘွဲ့ရကျောင်းသား/သူများကို အလုပ်သင်အဖြစ်ခေါ်ယူသည့် Campus Recruitment 2024 ကျင်းပပြုလုပ်ခြင်း။

                မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်သို့ Irrawaddy Green Tower Ltd.(IGT) မှ ပညာရည်ထူးချွန်သော ဘွဲ့ရကျောင်းသား/သူများကို အလုပ်သင်အဖြစ်ခေါ်ယူသည့် Campus Recruitment 2024 အခမ်းအနားအား ၁၆-၃-၂၀၂၄(စနေနေ့) နံနက် (၁၀း၀၀) နာရီတွင်စတင်ကျင်းပခဲ့ရာ

                   - အခမ်းအနားတက်ရောက်သူများ မှတ်ပုံတင်ခြင်း။

                   - IGT မှ တာဝန်ရှိသူက နှုတ်ခွန်းဆက်စကားပြောကြားခြင်း။

                   - IGT တွင်လက်ရှိတာဝန်ထမ်းဆောင်နေသော MAEU ကျောင်းသားဟောင်းများမှ ပညာရပ်ဆိုင်ရာများ၏လက်တွေ့လုပ်ငန်းခွင်အသုံးဝင်ပုံများအား ရှင်းလင်းပြောကြားခြင်း။

                   - Internship မှ လက်ရှိဝန်ထမ်းအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေသူများမှ အတွေ့အကြုံများအားရှင်းလင်းပြောကြားခြင်း။

                   - မေးခွန်းများဖြေကြားခြင်း။

                   - IGTမှနေ့လည်စာဖြင့်ကျွေးမွေးဧည့်ခံခြင်း။

                   - အလုပ်သင်လျှောက်ထားသော ကျောင်းသား/သူများအားရေးဖြေ စာမေးပွဲစစ်ဆေးခြင်း။

                   - လူတွေ့စစ်ဆေးခြင်း။

တို့ကိုအစီအစဉ်အတိုင်းကျင်းပခဲ့ပြီး၊ ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ စုစုပေါင်း(၁၂၆) ဦးတက်ရောက်ခဲ့ပြီး အခမ်းအနားအား ညနေ(၅း၀၀)နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။ 

 

 

Read more...
မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပခြင်း။

မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပခြင်း။

မြန်မာ့ဓလေ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ဝန်ထမ်းများအချင်းချင်း ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အပြန်အလှန်ညီညွတ်မျှတစွာဖြင့် အသင်းအဖွဲ့စိတ်ဓာတ်ကို အရင်းခံပြီး စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်တတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုနှင့် ပျော်ရွှင်မှုတို့ကိုရရှိစေရန် ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ၂၄၊ ၂၊ ၂၀၂၄ ရက်နေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၊ မိတ္ထီလာမြို့ ၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာအောင်မျိုးသူမှ အဖွင့်အမှာစကားပြောကြားပြီး၊ ပြိုင်ပွဲဆုရွေးချယ်ရေးဒိုင်အဖွဲ့မှ အမှတ်ပေးရွေးချယ်ခဲ့မှုအခြေအနေများကိုရှင်းလင်းပြောကြားကာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရအဖွဲ့များကိုထုတ်ပြန်ကြေညာ၍ ဒုတိယပါမောက္ခချုပ် ဒေါက်တာမိုးသန္တာကြည်မှ ပြိင်ပွဲဝင်အဖွဲ့များကိုဆုများပေးအပ်ချီးမြင့်ခဲ့ပါသည်။ 

Read more...
Subscribe to this RSS feed

NewsLetter

Make sure you dont miss interesting happenings by joining our newsletter program.

Contact Us

Myanmar Aerospace Engineering University
Mandalay Road, Meiktila, Mandalay Division
The Republic of the Union of Myanmar

  • Hot line: +95 – 09 – 942422446
  • Fax: 95 – 064 – 20 – 35245
  • Email: info@maeu.edu.mm

Social Media

Member Login or Register