- Published in Activities
- Read 431 times
- Written by MAEU
မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် ဒုတိယအကြိမ်မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ။

မြန်မာ့ဓလေ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ဝန်ထမ်းများအချင်းချင်း ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အပြန်အလှန်ညီညွတ်မျှတစွာဖြင့် အသင်းအဖွဲ့စိတ်ဓာတ်ကို အရင်းခံပြီး စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်တတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုနှင့် ပျော်ရွှင်မှုတို့ကိုရရှိစေရန် ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ၁၁၊ ၂၊ ၂၀၂၅ ရက်နေ့ နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၊ မိတ္ထီလာမြို့ ၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာအောင်မျိုးသူမှ အဖွင့်အမှာစကားပြောကြားပြီး၊ ပြိုင်ပွဲဆုရွေးချယ်ရေးဒိုင်အဖွဲ့မှ အမှတ်ပေးရွေးချယ်ခဲ့မှုအခြေအနေများကိုရှင်းလင်းပြောကြားကာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရအဖွဲ့များကိုထုတ်ပြန်ကြေညာ၍ ပထမဆုအား ခေတ္တပါမောက္ခချုပ် ဒေါက်တာအောင်မျိုးသူမှ၎င်း၊ ဒုတိယဆုအား ဒုတိယပါမောက္ခချုပ် ဒေါက်တာမိုးသန္တာကြည်မှ၎င်း၊ တတိယဆုအား ဒေါက်တာတင်မြင့်နိုင်၊ ပါမောက္ခချုပ်၊ ကွန်ပြူတာတက္ကသိုလ်(ဗန်းမော်)မှ၎င်း၊ နှစ်သိမ့်ဆုအား ဒေါက်တာနှင်းနန္ဒာမောင်မှ၎င်း ပြိင်ပွဲဝင်အဖွဲ့များကိုဆုများအသီးသီးပေးအပ်ချီးမြင့်ခဲ့ပါသည်။






Latest from MAEU
- မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် မိုးရာသီအားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ
- မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်မိသားစု ဝါဆိုသင်္ဃန်းကပ်လှူပူဇော်။
- မီးဘေးအသိပညာပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဗူးမှန်ကန်စွာအသုံးပြုနည်း သရုပ်ပြခြင်း။
- လေကြောင်းနှင့်အာကာသဆိုင်ရာ ပြခန်းဖွင့်ပွဲနှင့် ကမ္ဘာ့ပထမဆုံး အာကာသယာဉ်မှူး ယူရီဂါဂါရင်ရုပ်ထု လွှဲပြောင်းလက်ခံပွဲ အခမ်းအနားကျင်းပခြင်း
- Activities of Department of UAV Research, MAEU