- Published in Activities
- Read 840 times
- Written by MAEU
- Print , Email
လေကြောင်းနှင့်အာကာသဆိုင်ရာ ပြခန်းဖွင့်ပွဲနှင့် ကမ္ဘာ့ပထမဆုံး အာကာသယာဉ်မှူး ယူရီဂါဂါရင်ရုပ်ထု လွှဲပြောင်းလက်ခံပွဲ အခမ်းအနားကျင်းပခြင်း
Featured
ကမ္ဘာ့ပထမဦးဆုံး အာကာသယာဉ်မှူး ယူရီဂါဂါရင်၏ ကြေးသွန်းရုပ်တုကို ရုရှား ဖက်ဒရေးရှင်းနိုင်ငံမှ လှူဒါန်းခြင်းအား လွှဲပြောင်းလက်ခံနိုင်ရန်၊ ရုရှား-မြန်မာ ရှိရင်းစွဲ နှစ်နိုင်ငံ ချစ်ကြည်ရေးအား တိုးမြှင့်ဆောင်ရွက်နိုင်စေရန်နှင့် လေကြောင်းနှင့်အာကာသဆိုင်ရာ သမိုင်း မှတ်တိုင်များ၊ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၏ ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုများကို ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ လာရောက်လေ့လာနိုင်ရန် ရည်ရွယ်ချက်များဖြင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်ရှိ လေကြောင်းနှင့် အာကာသဆိုင်ရာ ပြခန်းဖွင့်ပွဲနှင့် ကမ္ဘာ့ပထမဆုံးအာကာသယာဉ်မှူး ယူရီဂါဂါရင်ရုပ်ထုလွှဲပြောင်းလက်ခံပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံ လေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ မြန်မာနိုင်ငံဆိုင်ရာ ရှရှားနိုင်ငံသံအမတ်ကြီး Dr. Nikolay Listopadov၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သံရုံးအရာရှိများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ လေကြောင်းနှင့်အာကာသဆိုင်ရာပြခန်းဖွင့်ပွဲ အခမ်းအနားကျင်းပရာ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။
ဆက်လက်၍ ကမ္ဘာ့ပထမဆုံးအာကာသယာဉ်မှူး ယူရီဂါဂါရင်ရုပ်ထုလွှဲပြောင်းလက်ခံပွဲ အခမ်း အနားကိုကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ ရှရှားနိုင်ငံ သံအမတ်ကြီး Dr. Nikolay Listopadov က အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် သံအမတ်ကြီးတို့က ကမ္ဘာ့ပထမဆုံးအာကာသယာဉ်မှူး ယူရီဂါဂါရင်ရုပ်ထုကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီးနောက် ဧည့်သည်တော်များနှင့်အတူ ပြခန်းအတွင်း လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများနှင့်အတူ အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြ ပါသည်။
အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရှရှားနိုင်ငံသံအမတ်ကြီးနှင့် သံရုံးအဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စစ်ဘက်နယ်ဘက်မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်မှ တာဝန်ခံပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။




















Latest from MAEU
- မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် မိုးရာသီအားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ
- မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်မိသားစု ဝါဆိုသင်္ဃန်းကပ်လှူပူဇော်။
- မီးဘေးအသိပညာပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဗူးမှန်ကန်စွာအသုံးပြုနည်း သရုပ်ပြခြင်း။
- Activities of Department of UAV Research, MAEU
- Journal Abstracts, JASTI 2020