- Published in Activities
- Read 2168 times
- Written by MAEU
မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် မိုးရာသီအားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၏ မိုးရာသီအားကစားပြိုင်ပွဲအား (၂၀၂၃ခုနှစ်၊ သြဂုတ်လ၊ ၂ ရက်)နေ့ မှ (၂၀၂၃ခုနှစ်၊ သြဂုတ်လ၊ ၁၂ ရက်)နေ့အထိကျင်းပခဲ့ပြီး ဆုပေးပွဲ အခမ်းအနားကို (၂၀၂၃ခုနှစ်၊ သြဂုတ်လ၊ ၁၂ ရက်)နေ့ ညနေ(၅း၃၀)နာရီ တွင်စတင်ကျင်းပခဲ့ရာ ဆုရရှိသူ အမျိုးသားဘောလုံးအသင်းအား ခေတ္တပါမောက္ခချုပ် ဒေါက်တာအောင်မျိုးသူ မှ၎င်း၊ ဆုရရှိသူ အမျိုးသမီးဘောလုံးအသင်းအား ဒုတိယပါမောက္ခချုပ် ဒေါက်တာမိုးသန္တာကြည် မှ၎င်း၊ အကောင်းဆုံးအားကစားသမားဆု၊ ဆုရရှိသူ စိုင်းညီလင်းစံ နှင့် အကောင်းဆုံးအားကစားသမားဆု၊ ဆုရရှိသူ မမေသူ တို့အား ဆရာ ဦးမောင်မောင်ရီ မှ၎င်း၊ ဂိုးသွင်းအများဆုံးဆု၊ ဆုရရှိသူ မောင်ကျော်သူရဖြိုးနှင့် ဂိုးသွင်းအများဆုံးဆု၊ ဆုရရှိသူ မဌေးဌေးဝေ တို့အား ဆရာဦးတင်ထွန်းလွင်မှ၎င်း၊ အကောင်းဆုံးဂိုးသမားဆု၊ ဆုရရှိသူ မောင်ကောင်းကျော် နှင့် အကောင်းဆုံးဂိုးသမားဆု၊ ဆုရရှိသူ မမေသဇင်အေး တို့အား ဆရာဦးသန်းစိုးဝင်း(၁) မှ၎င်း၊ ဆုတံဆိပ်များ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး ညနေ(၆း၀၀)နာရီတွင် ဆုပေးပွဲအခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။















Latest from MAEU
- မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် ဒုတိယအကြိမ်မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ။
- မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်မိသားစု ဝါဆိုသင်္ဃန်းကပ်လှူပူဇော်။
- မီးဘေးအသိပညာပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဗူးမှန်ကန်စွာအသုံးပြုနည်း သရုပ်ပြခြင်း။
- လေကြောင်းနှင့်အာကာသဆိုင်ရာ ပြခန်းဖွင့်ပွဲနှင့် ကမ္ဘာ့ပထမဆုံး အာကာသယာဉ်မှူး ယူရီဂါဂါရင်ရုပ်ထု လွှဲပြောင်းလက်ခံပွဲ အခမ်းအနားကျင်းပခြင်း
- Activities of Department of UAV Research, MAEU