Menu

Myanmar Aerospace Engineering UniversityNews, Events, Activities

မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် ဒုတိယအကြိမ်မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ။

မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် ဒုတိယအကြိမ်မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ။

မြန်မာ့ဓလေ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ဝန်ထမ်းများအချင်းချင်း ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အပြန်အလှန်ညီညွတ်မျှတစွာဖြင့် အသင်းအဖွဲ့စိတ်ဓာတ်ကို အရင်းခံပြီး စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်တတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုနှင့် ပျော်ရွှင်မှုတို့ကိုရရှိစေရန် ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ၁၁၊ ၂၊ ၂၀၂၅ ရက်နေ့ နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၊ မိတ္ထီလာမြို့ ၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာအောင်မျိုးသူမှ အဖွင့်အမှာစကားပြောကြားပြီး၊ ပြိုင်ပွဲဆုရွေးချယ်ရေးဒိုင်အဖွဲ့မှ အမှတ်ပေးရွေးချယ်ခဲ့မှုအခြေအနေများကိုရှင်းလင်းပြောကြားကာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရအဖွဲ့များကိုထုတ်ပြန်ကြေညာ၍ ပထမဆုအား ခေတ္တပါမောက္ခချုပ် ဒေါက်တာအောင်မျိုးသူမှ၎င်း၊ ဒုတိယဆုအား ဒုတိယပါမောက္ခချုပ် ဒေါက်တာမိုးသန္တာကြည်မှ၎င်း၊ တတိယဆုအား ဒေါက်တာတင်မြင့်နိုင်၊ ပါမောက္ခချုပ်၊ ကွန်ပြူတာတက္ကသိုလ်(ဗန်းမော်)မှ၎င်း၊ နှစ်သိမ့်ဆုအား ဒေါက်တာနှင်းနန္ဒာမောင်မှ၎င်း  ပြိင်ပွဲဝင်အဖွဲ့များကိုဆုများအသီးသီးပေးအပ်ချီးမြင့်ခဲ့ပါသည်။

Rate this item
(0 votes)
back to top

NewsLetter

Make sure you dont miss interesting happenings by joining our newsletter program.

Contact Us

Myanmar Aerospace Engineering University
Mandalay Road, Meiktila, Mandalay Division
The Republic of the Union of Myanmar

  • Hot line: +95 – 09 – 942422446
  • Fax: 95 – 064 – 20 – 35245
  • Email: info@maeu.edu.mm

Social Media

Member Login or Register