- Published in Activities
- Read 34 times
- Written by MAEU
- Print , Email
မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် မိုးရာသီအားကစားပြိုင်ပွဲ-၂၀၂၅ အခမ်းအနားကျင်းပ
မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၏ မိုးရာသီအားကစားပြိုင်ပွဲအား (၂၀၂၅ ခုနှစ်၊ သြဂုတ်လ၊ ၁၁ ရက်)နေ့ မှ (၂၀၂၃ ခုနှစ်၊ သြဂုတ်လ၊ ၁၈ ရက်)နေ့အထိကျင်းပခဲ့ပြီး ဆုပေးပွဲ အခမ်းအနားကို (၂၀၂၅ ခုနှစ်၊ သြဂုတ်လ၊ ၁၈ ရက်)နေ့ ညနေ(၆း၃၀)နာရီ တွင်စတင်ကျင်းပခဲ့ရာ ပထမဆုရရှိသော ဖူဆယ်ဘောလုံးအသင်းနှင့် ဒုတိယဆုရရှိသော ဖူဆယ်ဘောလုံးအသင်းအား ခေတ္တပါမောက္ခချုပ် ဒေါက်တာအောင်မျိုးသူ မှ၎င်း၊ ပထမဆုရ ပိုက်ကျော်ခြင်းအသင်းနှင့် ဒုတိယဆုရ ပိုက်ကျော်ခြင်းအသင်းအား ဒုတိယပါမောက္ခချုပ် ဒေါက်တာမိုးသန္တာကြည် မှ၎င်း၊ e-sport ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုတို့အား ဒုတိယပါမောက္ခချုပ် ဒေါက်တာဇော်ဝင်းအောင် မှ၎င်း၊ e-sport အကောင်းဆုံးကစားသမားဆုနှင့် အကောင်းဆုံးဖူဆယ်ကစားသမားဆုတို့အား ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်မြင့်နိုင် မှ၎င်း၊ အကောင်းဆုံးဖူဆယ်ဂိုးသမားဆု၊ အကောင်းဆုံးဖူဆယ်ဂိုးအများဆုံးဆု(၁)၊ အကောင်းဆုံးဖူဆယ်ဂိုးအများဆုံးဆု(၂)တို့အား ဆရာဦးတင်ထွန်းလွင်မှ၎င်း၊ ဆုတံဆိပ်များ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး ညနေ(၇း၀၀)နာရီတွင် ဆုပေးပွဲအခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။
မိုးရာသီအားကစား-၂၀၂၅
























Latest from MAEU
- မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်မိသားစု ဝါဆိုသင်္ဃန်းကပ်လှူပူဇော်ပွဲအခန်းအနား။
- မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်သို့ Irrawaddy Green Tower Ltd.(IGT) မှ ပညာရည်ထူးချွန်သော ဘွဲ့ရကျောင်းသား/သူများကို အလုပ်သင်အဖြစ်ခေါ်ယူသည့် Campus Recruitment 2024 ကျင်းပပြုလုပ်။
- မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ။
- နည်းပညာတက္ကသိုလ်(မှော်ဘီ)နှင့် နည်းပညာတက္ကသိုလ်(ရမည်းသင်း)မှ ကျောင်းသား၊ ကျောင်းသူများ လေ့လာရေးခရီးလာရောက်လည်ပတ်။
- Students from Myanmar Maritime University visits MAEU