မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် (၁၄)ကြိမ်မြောက်ဘွဲ့နှင်းသဘင် လျှောက်လွှာခေါ်ယူခြင်း
မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် (၁၄)ကြိမ်မြောက်ဘွဲ့နှင်းသဘင် လျှောက်လွှာခေါ်ယူခြင်း။
၁။ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်တွင် အင်ဂျင်နီယာဘွဲ့သင်တန်း၊ ဘွဲ့လွန်ဒီပလိုမာ (အာကာသနှင့် ဂြိုဟ်တုစနစ်နည်းပညာ) သင်တန်းနှင့် မဟာအင်ဂျင်နီယာဘွဲ့သင်တန်း ဘွဲ့ရစာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့ကြသည့် သင်တန်းသားများအား အင်ဂျင်နီယာဘွဲ့အပ်နှင်းရန် (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် ဘွဲ့နှင်းသဘင် တက်ရောက်ရန် (သို့မဟုတ်) အဝေးရောက် ဘွဲ့ယူရန် လျှောက်ထားနိုင်ပါသည်-
အစမ်းလေ့ကျင့်မည့်ရက် - ၂၄-၁-၂၀၂၆ (စနေနေ့)
ဘွဲ့အပ်နှင်းမည့်ရက် - ၂၅-၁-၂၀၂၆ (တနင်္ဂနွေနေ့)
ကျင်းပမည့်အချိန် - နံနက် (၉:၀၀)နာရီ
ကျင်းပမည့်နေရာ - မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ
၂။ ဘွဲ့အပ်နှင်းရေးအတွက် မြန်မာဝတ်စုံ (သို့မဟုတ်) အနောက်တိုင်းဝတ်စုံဖြင့် (၂) လ အတွင်း ရိုက်ကူးထားသော (၂ x ၁.၅) လက်မအရွယ် ဓါတ်ပုံ(၅)ပုံ (ဓါတ်ပုံ၏အောက်တွင် မှတ်ပုံတင်နံပါတ်ထည့်သွင်းရိုက်ကူးခြင်းမပြုရန်)နှင့်အတူ လျှောက်လွှာတင်ရမည်ဖြစ်ပါသည်။
၃။ ဘွဲ့နှင်းသဘင်လျှောက်လွှာပုံစံများကို ဤတက္ကသိုလ်ကျောင်းသားရေးရာဌာနတွင် ဝယ်ယူ၍ ပြည့်စုံစွာဖြည့်စွက်ပြီး မှတ်ပုံတင်မိတ္တူတစ်စုံပူးတွဲ၍ (၁၅-၁-၂၀၂၆) ရက်နေ့ နောက်ဆုံးထားပြီးလျှောက် ထားရမည်။
၄။ ဘွဲ့နှင်းသဘင် တက်ရောက်လိုသူများသည် ဘွဲ့နှင်းသဘင်ကြေး ၁၅၀ဝိ/-(ကျပ်-တစ်ထောင့် ငါးရာတိတိ)၊ အဝေးရောက်ဘွဲ့ ယူလိုသူများသည် ဘွဲ့နှင်းသဘင်ကြေး ၁၀၀ဝိ/-(ကျပ်- တစ်ထောင်တိတိ) ပေးသွင်းရပါမည်။ စာတိုက်မှ ဘွဲ့နှင်းသဘင်ကြေး ပေးပို့မည်ဆိုပါက ငွေပို့လွှာတွင် ဘွဲ့နှင်းသဘင်ကြေး ပေးပို့ခြင်း (တက်ရောက်/အဝေးရောက်)ဟု ဖော်ပြပြီး ပါမောက္ခချုပ်၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်သို့ လိပ်မူ၍ လျှောက်လွှာရှင်၏ အမည်၊ ဘွဲ့ရ စာမေးပွဲ ခုံအမှတ်၊ အထူးပြုဘာသာ၊ ပညာသင်နှစ်၊ အောင်မြင်သည့် ခုနှစ်၊ လ နှင့် နေရပ်လိပ်စာ အပြည့်အစုံ တို့ကို တိကျစွာဖော်ပြရပါမည်။ ပြည့်စုံစွာဖော်ပြထားခြင်းမရှိသည့် ငွေပို့လွှာများကို လက်ခံစဉ်းစားမည် မဟုတ်ပါ။
၅။ ယခင်နှစ်မှဘွဲ့ရစာမေးပွဲ အောင်မြင်သူများသည် အဝေးရောက်ဘွဲ့ယူရန် လျှောက်ထားနိုင်ပါသည်။
၆။ ဘွဲ့နှင်းသဘင်တက်ရောက်ရန် လျှောက်လွှာတင်သွင်းပြီး တက်ရောက်ယူရန် ပျက်ကွက်ပါက တစ်နှစ်ဆိုင်းငံ့ပြီးမှသာ ဘွဲ့လက်မှတ်ကို ထုတ်ပေးမည်ဖြစ်ပါသည်။
မှတ်ချက်။ ။အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဤတက္ကသိုလ် သင်တန်းရေးရာဌာန(ဖုန်း - ၀၉-၉၄၂၄၂၂၄၄၆)တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။