မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် ဝင်ခွင့်ရရှိသူများအား ကျောင်းအပ်နှံရန်အကြောင်းကြားခြင်း။
၁။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်) တက္ကသိုလ်ဝင်ခွင့်စီစစ်ရွေးချယ်ရေးအဖွဲ့၏ ရွေးချယ်ခွင့်ပြုချက်အရ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်သို့ ဝင်ခွင့်ရရှိသူများသည် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင်ပါရှိသည့်အတိုင်း လူတွေ့စစ်ဆေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ရန်ရှိပါသဖြင့် ကျောင်းသားနှင့်မိဘကိုယ်တိုင် ကျောင်းအပ်စတင်လက်ခံသည့်ရက်တွင် မပျက်မကွက်(မပျက်မကွက်) လာရောက်ပါရန် အကြောင်းကြားပါသည်။
၂။ ဤတက္ကသိုလ်၏ ကျောင်းအပ်လက်ခံသည့်ရက်မှာ (၁၈-၄-၂၀၂၂) ရက်နေ့မှ (၂၇-၅-၂၀၂၂) ရက်နေ့ထိ ဖြစ်ပါသည်။
၃။ ကျောင်းဖွင့်လှစ်၍ လာရောက်သည့်အခါ လိုင်စင်ဓါတ်ပုံ(၁၂)ပုံ၊ အောင်လက်မှတ်မူရင်းနှင့်မိတ္တူ၊ အမှတ်စာရင်းမိတ္တူ၊ ကျောင်းသားနှင့်မိဘနှစ်ဦးတို့၏ မှတ်ပုံတင်မူရင်းနှင့်မိတ္တူတို့အပြင်၊ကျောင်းအပ်နှံရေးအတွက် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းထောက်ခံစာများကို တပါတည်းယူဆောင်လာရန်ဖြစ်သည်။
၄။ ကျောင်းပြောင်းရွှေ့ တက်ရောက်လိုသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်နိုင်ခြင်းမရှိသူများ၊ ဆေးနား၊ စီးပွားနား လျှောက်ထားလိုသူများသည် ဉီးစွာကျောင်းအပ်နှံ၍ (ဆေးနား/စီးပွားနား/ပြောင်းရွှေ့) တို့ကို ကျောင်းစတင်ဖွင့်လှစ်သည့်ရက်မှ (၂၁)ရက်အတွင်း ၌သာ လျှောက်ထားရန် အသိပေး အကြောင်းကြားပါသည်။
၅။ ကျောင်းစတင်ဖွင့်လှစ်သည့် (၁၂-၅-၂၀၂၂) ရက်နေ့မှစ၍ ရက်ပေါင်း(၃၀)ရက်အတွင်း ကျောင်းအပ်နှံခြင်းမရှိသူများအား ဤတက္ကသိုလ်၏ ကျောင်းသားစာရင်းမှ အပြီးပယ်ဖျက်မည်ဖြစ်ကြောင်း ကြိုတင်အသိပေး အကြောင်းကြားပါသည်။