Menu

Announcements Notice Board

မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် ဝင်ခွင့်ရရှိသူများအား ကျောင်းအပ်နှံရန်အကြောင်းကြားခြင်း။

၁။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်) တက္ကသိုလ်ဝင်ခွင့်စီစစ်ရွေးချယ်ရေးအဖွဲ့၏ ရွေးချယ်ခွင့်ပြုချက်အရ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်သို့ ဝင်ခွင့်ရရှိသူများသည် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင်ပါရှိသည့်အတိုင်း လူတွေ့စစ်ဆေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ရန်ရှိပါသဖြင့် ကျောင်းသားနှင့်မိဘကိုယ်တိုင် ကျောင်းအပ်စတင်လက်ခံသည့်ရက်တွင် မပျက်မကွက်(မပျက်မကွက်) လာရောက်ပါရန် အကြောင်းကြားပါသည်။

၂။ ဤတက္ကသိုလ်၏ ကျောင်းအပ်လက်ခံသည့်ရက်မှာ (၁၈-၄-၂၀၂၂) ရက်နေ့မှ (၂၇-၅-၂၀၂၂) ရက်နေ့ထိ ဖြစ်ပါသည်။

၃။ ကျောင်းဖွင့်လှစ်၍ လာရောက်သည့်အခါ လိုင်စင်ဓါတ်ပုံ(၁၂)ပုံ၊ အောင်လက်မှတ်မူရင်းနှင့်မိတ္တူ၊ အမှတ်စာရင်းမိတ္တူ၊ ကျောင်းသားနှင့်မိဘနှစ်ဦးတို့၏ မှတ်ပုံတင်မူရင်းနှင့်မိတ္တူတို့အပြင်၊ကျောင်းအပ်နှံရေးအတွက် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းထောက်ခံစာများကို တပါတည်းယူဆောင်လာရန်ဖြစ်သည်။

၄။ ကျောင်းပြောင်းရွှေ့ တက်ရောက်လိုသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်နိုင်ခြင်းမရှိသူများ၊ ဆေးနား၊ စီးပွားနား လျှောက်ထားလိုသူများသည် ဉီးစွာကျောင်းအပ်နှံ၍ (ဆေးနား/စီးပွားနား/ပြောင်းရွှေ့) တို့ကို ကျောင်းစတင်ဖွင့်လှစ်သည့်ရက်မှ (၂၁)ရက်အတွင်း ၌သာ လျှောက်ထားရန် အသိပေး အကြောင်းကြားပါသည်။

၅။ ကျောင်းစတင်ဖွင့်လှစ်သည့် (၁၂-၅-၂၀၂၂) ရက်နေ့မှစ၍ ရက်ပေါင်း(၃၀)ရက်အတွင်း ကျောင်းအပ်နှံခြင်းမရှိသူများအား ဤတက္ကသိုလ်၏ ကျောင်းသားစာရင်းမှ အပြီးပယ်ဖျက်မည်ဖြစ်ကြောင်း ကြိုတင်အသိပေး အကြောင်းကြားပါသည်။

NewsLetter

Make sure you dont miss interesting happenings by joining our newsletter program.

Contact Us

Myanmar Aerospace Engineering University
Mandalay Road, Meiktila, Mandalay Division
The Republic of the Union of Myanmar

  • Hot line: +95 – 09 – 942422446
  • Fax: 95 – 064 – 20 – 35245
  • Email: info@maeu.edu.mm

Social Media

Member Login or Register