အင်ဂျင်နီယာဘွဲ့လွန်ဒီပလိုမာ (အာကာသနှင့်ဂြိုဟ်တုစနစ်နည်းပညာ) သင်တန်း အမှတ်စဉ်(၁) သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန
မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်
အင်ဂျင်နီယာဘွဲ့လွန်ဒီပလိုမာ (အာကာသနှင့်ဂြိုဟ်တုစနစ်နည်းပညာ) သင်တန်း
အမှတ်စဉ်(၁) သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း
၁။ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၌ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် အတွက်အင်ဂျင်နီယာဘွဲ့လွန်ဒီပလိုမာ(အာကာသနှင့်ဂြိုဟ်တုစနစ်နည်းပညာ) သင်တန်း အမှတ်စဉ် (၁) ကို ၂၀၂၂ ခုနှစ် ၊ ဩဂုတ်လ(၂၂) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။
၂။ အင်ဂျင်နီယာဘွဲ့လွန်ဒီပလိုမာ(အာကာသနှင့်ဂြိုဟ်တုစနစ်နည်းပညာ) သင်တန်းအတွက် ဝင်ခွင့်စာမေးပွဲဖြေဆိုအောင်မြင်ရမည်ဖြစ်ပြီး အောက်ပါဖော်ပြပါ ဘွဲ့တစ်ခုခု ရရှိထားသူများ လျှောက်ထားနိုင်ပါသည်-
(က) မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် မှ ပေးအပ်ထားသော အင်ဂျင်နီယာဘွဲ့ ရရှိထားသူများ၊
(ခ) B.E(Mechanical), B.E(Electronics), B.E(Electrical Power), B.E( Information Technology), B.E(Mechatronic), B.Sc(Applied Physics), B.Sc(Applied Mathematics) ဘွဲ့ရရှိထားသူများ ၊ ကွန်ပျူတာတက္ကသိုလ်များ မှ B.C.Sc, B.C.Tech, ဘွဲ့ ရရှိထားသူများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် မှ B.Arg.Sc ဘွဲ့ရရှိထားသူများ နှင့် သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် တို့ မှ B.Sc(Forestry), B.Sc(Environmental Science) ဘွဲ့ရရှိထားသူများ။
၃။ အင်ဂျင်နီယာဘွဲ့လွန်ဒီပလိုမာ(အာကာသနှင့်ဂြိုဟ်တုစနစ်နည်းပညာ) သင်တန်းကာလမှာ အချိန်ပြည့် (၁) နှစ်သင်တန်းဖြစ်ပါသည်။ Course Work ပထမနှစ်ဝက် (၁၈) ပတ် နှင့် ဒုတိယ နှစ်ဝက် (၁၈) ပတ်ဖြစ်ပြီး Term Paper ပြုစုခြင်း နှင့် Term Paper နှင့်သက်ဆိုင်သော Seminar (၂) ကြိမ် ဖတ်ကြားတင်သွင်းရပါမည်။ သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံအောင်မြင်ပါက Post Graduate Diploma in Space and Satellite Systems Engineering (P.G.Dip-SSE)ဘွဲ့အပ်နှင်းမည်ဖြစ်သည်။
၄။ ဝင်ခွင့်လျှောက်ထားလိုသူများသည် အောက်ပါသတ်မှတ်ချက်များနှင့် ပြည့်စုံကြောင်း အထောက်အထား မူရင်းနှင့် မိတ္တူများကို တင်ပြရမည်-
(က) ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် အသက် (၃၀) နှစ်ထက် မကြီးသူဖြစ်ရမည်။ ဝန်ထမ်းများဖြစ်ပါက အသက် (၃၅) နှစ်ထက် မကြီး သူ ဖြစ်ရမည်။
(ခ) သင်တန်းသို့ အချိန်ပြည့်တက်ရောက်နိုင်သူ ဖြစ်ရမည်။
(ဂ) ဝန်ထမ်းဖြစ်ပါက သင်တန်းသို့ အချိန်ပြည့် တက်ရောက်ခွင့်ပြုကြောင်းကို သက်ဆိုင်ရာ အကြီးအကဲ၏ ခွင့်ပြုချက်မူရင်း တင်ပြရမည်။
(ဃ) မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်တွင် စစ်ဆေးမည့် သင်တန်း ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲ နှင့် လူတွေ့စစ်ဆေးခြင်းကို ဝင်ရောက်ဖြေဆို အောင်မြင်သူများကိုသာ လက်ခံမည်။
၅။ လျှောက်လွှာနှင့်အတူ လျှောက်ထားသူ၏ အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ စခန်းတစ်ခုခုမှ ထောက်ခံစာမူရင်း၊ ပတ်စပို့ဓါတ်ပုံ (၃)ပုံ၊ ဘွဲ့လက်မှတ် မူရင်းနှင့် မိတ္တူ တို့ကို တင်ပြရမည်။
၆။ သင်တန်းဝင်ခွင့်လျှောက်လွှာများကို (၁-၇-၂၀၂၂) ရက်နေ့မှ စ၍ ဤတက္ကသိုလ်၌ ထုတ်ယူ နိုင်ပြီး၊ (၂၅-၇-၂၀၂၂) ရက်နေ့ နောက်ဆုံးထား၍ ကိုယ်တိုင်လျှောက်ထားရမည်။ လျှောက်လွှာများ ပြည့်စုံ မှန်ကန်ပါက ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားကို ထုတ်ပေးမည်ဖြစ်ပြီ (၃၀.၇.၂၀၂၂) ရက်နေ့ မှ (၃၁.၇.၂၀၂၂) ရက်နေ့အတွင်း မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် သို့ လူကိုယ်တိုင် လာရောက်သတင်းပို့ရမည်။
၇။ အင်္ဂလိပ်စာဘာသာရပ်အတွက် ပြန်လှန်သင်ကြားခြင်း အစီအစဉ်ကို (၁.၈.၂၀၂၂) ရက်နေ့မှ (၁၂.၈.၂၀၂၂) ရက်နေ့အထိ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်တွင် သင်ကြားပေးပါမည်။
၈။ ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲကို မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် မိတ္ထီလာမြို့၌ အောက်ပါအတိုင်း ကျင်းပစစ်ဆေးပါမည်-
စဉ် |
ရက်စွဲ |
အချိန် |
ဘာသာရပ် |
(က) |
၁၅-၈-၂၀၂၂ |
နံနက် ၉း၀၀နာရီမှ ၁၁း၀၀နာရီထိ |
English |
(ခ) |
၁၉-၈-၂၀၂၂ |
နံနက် ၉း၀၀နာရီမှ ၁၁း၀၀နာရီထိ |
လူတွေ့စစ်ဆေးခြင်း |
၉။ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက မြန်မာနိုင်ငံလေကြောင်း နှင့် အာကာသ ပညာတက္ကသိုလ်၊ မိတ္ထီလာမြို့၊ ဖုန်းနံပါတ် (၀၆၄-၂၀၃၅၂၄၂ ၊ ၀၆၄-၂၀၃၅၂၄၄၊ ၀၉-၇၅၇၆၂၀၇၂၀၊ ၀၉-၂၅၆၁၀၂၃၁၉၊ ) သို့ ဆက်သွယ် စုံစမ်း မေးမြန်း နိုင်ပါသည်။