Menu

Announcements Notice Board

အင်ဂျင်နီယာဘွဲ့လွန်ဒီပလိုမာ (အာကာသနှင့်ဂြိုဟ်တုစနစ်နည်းပညာ) သင်တန်း အမှတ်စဉ်(၄) သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်

အင်ဂျင်နီယာဘွဲ့လွန်ဒီပလိုမာ (အာကာသနှင့်ဂြိုဟ်တုစနစ်နည်းပညာ) သင်တန်း အမှတ်စဉ်(၄) သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း

 

 

၁။       မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၌ (၂၀၂၅-၂၀၂၆) ပညာသင်နှစ် အတွက် အင်ဂျင်နီယာဘွဲ့လွန်ဒီပလိုမာ(အာကာသနှင့်ဂြိုဟ်တုစနစ်နည်းပညာ) သင်တန်း အမှတ်စဉ် (၄) ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ(၂၇) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။

၂။       အင်ဂျင်နီယာဘွဲ့လွန်ဒီပလိုမာ(အာကာသနှင့်ဂြိုဟ်တုစနစ်နည်းပညာ) သင်တန်းအတွက် ဝင်ခွင့် စာမေးပွဲဖြေဆို အောင်မြင်ရမည်ဖြစ်ပြီး အောက်ပါဖော်ပြပါ ဘွဲ့တစ်ခုခု ရရှိထားသူများ လျှောက်ထား နိုင်ပါသည်။

         (က)   မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်မှ ပေးအပ်ထားသော အင်ဂျင်နီယာဘွဲ့ ရရှိထားသူများ။

        (ခ)  B.E(Mechanical), B.E(Electronics), B.E(Electrical Power), B.E(Information Technology), B.E(Mechatronic), B.Sc(Applied Physics), B.Sc(Applied Mathematics) ဘွဲ့ရရှိထားသူများ ၊ ကွန်ပျူတာတက္ကသိုလ်များ မှ B.C.Sc, B.C.Tech, ဘွဲ့ ရရှိထားသူများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် မှ B.Arg.Sc ဘွဲ့ရရှိထားသူများ နှင့် သစ်တောနှင့်သဘာဝပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ် တို့မှ B.Sc(Forestry), B.Sc(Environmental Science) ဘွဲ့ရရှိထားသူများ။

၃။       အင်ဂျင်နီယာဘွဲ့လွန်ဒီပလိုမာ(အာကာသနှင့်ဂြိုဟ်တုစနစ်နည်းပညာ) သင်တန်းကာလမှာ အချိန်ပြည့် (၁) နှစ်သင်တန်းဖြစ်ပါသည်။ Course Work ပထမနှစ်ဝက် (၁၆) ပတ် နှင့် ဒုတိယနှစ်ဝက် (၁၆) ပတ်ဖြစ်ပြီး Term Paper ပြုစုခြင်း နှင့် Term Paper နှင့်သက်ဆိုင်သော Seminar  (၂) ကြိမ် ဖတ်ကြားတင်သွင်းရပါမည်။ သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံအောင်မြင်ပါက Post Graduate Diploma in Space and Satellite Systems Engineering (P.G.Dip-SSE)ဘွဲ့ကို အပ်နှင်းမည်ဖြစ်သည်။

၄။       ဝင်ခွင့်လျှောက်ထားလိုသူများသည် အောက်ပါသတ်မှတ်ချက်များနှင့် ပြည့်စုံကြောင်း အထောက် အထားမူရင်းနှင့် မိတ္တူများကို တင်ပြရမည်။         

          (က) ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့တွင် အသက် (၃၀) နှစ်ထက်မကြီးသူဖြစ်ရမည်။ ဝန်ထမ်းများဖြစ်ပါက အသက် (၄၀) နှစ်ထက် မကြီး သူ ဖြစ်ရမည်။

          (ခ)   သင်တန်းသို့ အချိန်ပြည့်တက်ရောက်နိုင်သူ ဖြစ်ရမည်။

          (ဂ) ဝန်ထမ်းဖြစ်ပါက သင်တန်းသို့ အချိန်ပြည့် တက်ရောက်ခွင့်ပြုကြောင်းကို သက်ဆိုင်ရာ အကြီးအကဲ၏ ခွင့်ပြုချက်မူရင်း တင်ပြရမည်။

          (ဃ)     မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်တွင် စစ်ဆေးမည့် သင်တန်း ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲနှင့် လူတွေ့စစ်ဆေးခြင်းကို ဝင်ရောက်ဖြေဆို အောင်မြင်သူများကိုသာ လက်ခံမည်။

၅။       လျှောက်လွှာနှင့်အတူ လျှောက်ထားသူ၏ အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ စခန်းတစ်ခုခုမှ ထောက်ခံစာမူရင်း၊ ပတ်စပို့ဓါတ်ပုံ (၃)ပုံ၊ ဘွဲ့လက်မှတ် မူရင်းနှင့် မိတ္တူတို့ကို တင်ပြရမည်။

၆။       သင်တန်းဝင်ခွင့်လျှောက်လွှာများကို (၅-၁၁-၂၀၂၅) ရက်နေ့မှစ၍ ဤတက္ကသိုလ်၌ ထုတ်ယူ နိုင်ပြီး၊   (၁၃-၁၁-၂၀၂၅) ရက်နေ့ နောက်ဆုံးထား၍ ကိုယ်တိုင်လျှောက်ထားရမည်။ လျှောက်လွှာများ ပြည့်စုံမှန်ကန်ပါက ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့် ကတ်ပြားကို ထုတ်ပေးမည်ဖြစ်ပြီး (၁၅.၁၁.၂၀၂၅) ရက်နေ့ မှ (၁၆.၁၁.၂၀၂၅) ရက်နေ့အတွင်း မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်သို့ လူကိုယ်တိုင် လာရောက်သတင်း ပို့ရမည်။

၇။       ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲကို မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် မိတ္ထီလာမြို့၌ အောက်ပါအတိုင်း ကျင်းပစစ်ဆေးပါမည်။

စဉ်

ရက်စွဲ

အချိန်

ဘာသာရပ်

(က)

၁၇-၁၁-၂၀၂၅

နံနက် ၉:၀၀နာရီမှ ၁၁:၀၀နာရီထိ

အင်္ဂလိပ်စာ

(ခ)

၂၀-၁၁-၂၀၂၅

နံနက် ၉:၀၀နာရီမှ ၁၁:၀၀နာရီထိ

လူတွေ့စစ်ဆေးခြင်း

၈။       ဝင်ခွင့်စာမေးပွဲအောင်စာရင်းကို (၂၁.၁၁.၂၀၂၅) ရက်နေ့တွင် ထုတ်ပြန်ကြေညာမည်။

၉။       အသေးစိတ် အချက်အလက်များကို သိရှိလိုပါက မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်၊ မိတ္ထီလာမြို့၊ ဖုန်းနံပါတ် ( ၀၉-၇၅၇၆၂၀၇၂၀၊ ၀၉-၂၅၆၁၀၂၃၁၉၊ ၀၉- ၉၄၂၄၂၂၄၄၆ ) သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါသည်။

NewsLetter

Make sure you dont miss interesting happenings by joining our newsletter program.

Contact Us

Myanmar Aerospace Engineering University
Mandalay Road, Meiktila, Mandalay Division
The Republic of the Union of Myanmar

  • Hot line: +95 – 09 – 942422446
  • Fax: 95 – 064 – 20 – 35245
  • Email: info@maeu.edu.mm

Social Media

Member Login or Register