မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် မဟာအင်ဂျင်နီယာ(လေကြောင်းနှင့်အာကာသ)ဘွဲ့သင်တန်း သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း။ (2025)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန
မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်
မဟာအင်ဂျင်နီယာ(လေကြောင်းနှင့်အာကာသ)ဘွဲ့သင်တန်း သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း
၁။ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၌ ( ၂၀၂၅-၂၀၂၆ ) ပညာသင်နှစ်အတွက် လေကြောင်းနှင့်အာကာသဆိုင်ရာ မဟာအင်ဂျင်နီယာဘွဲ့သင်တန်းများ ( အမှတ်စဉ် - ၁၁ ) ကို ၂၀၂၅ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်နေ့တွင် စတင်ဖွင့်လှစ်မည် ဖြစ်ပါသည်။
၂။ မဟာအင်ဂျင်နီယာဘွဲ့ သင်တန်းအတွက် ဝင်ခွင့်သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) သက်ဆိုင်ရာအဓိကဘာသာရပ်ဖြင့် အင်ဂျင်နီယာဘွဲ့ရရှိပြီး မဟာအင်ဂျင်နီယာဘွဲ့သင်တန်း များသို့ တက်ရောက်ရန် အဆင့်မီသူများဖြစ်ရမည်။
(ဂ) သင်တန်းသို့ အချိန်ပြည့် တက်ရောက်နိုင်သူဖြစ်ပြီး သင်တန်းစည်းကမ်းများကို လိုက်နာနိုင်သူ ဖြစ်ရမည်။
(ဃ) ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်လျှောက်ထားရမည်။
(င) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဆရာ/ဆရာမများနှင့်ဝန်ထမ်းများသည် တစ်ဆက်တည်း လုပ်သက်(၂) နှစ်ပြည့်ပြီး လက်ရှိတာဝန်ထမ်းဆောင်နေသူဖြစ်ရမည်။ ပြစ်မှုကင်းရှင်းရမည်။ သင်တန်းတက်ရောက်ခွင့်လျှောက်ထားရာတွင် အဆိုပါဝန်ထမ်း၏ နေရာအတွက် လုပ်ငန်း ထိခိုက်မှုမရှိကြောင်း သက်ဆိုင်ရာ ဌာနမှူးနှင့် ပါမောက္ခချုပ်/ ကျောင်းအုပ်ကြီးတို့မှ လျှောက်ထားခွင့်ပြုကြောင်း ထောက်ခံချက်နှင့် သက်ဆိုင်ရာ ဦးစီးဌာနမှ အချိန်ပြည့် တက်ရောက်ခွင့်ပြုကြောင်း ခွင့်ပြုချက်ပါရှိရမည်။
(စ) ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲအောင်မြင်သူဖြစ်ရမည်။
(ဆ) အင်ဂျင်နီယာဘွဲ့လွန်ဒီပလိုမာ(အာကာသနှင့်ဂြိုဟ်တုစနစ်နည်းပညာ)သင်တန်းအောင်မြင်သူ များသည် မဟာအင်ဂျင်နီယာသင်တန်း M.E (Aerospace- Space Systems Engineering) တက်ရောက်ရန်အတွက်ဝင်ခွင့်စာမေးပွဲဖြေဆိုရန် အဆင့်မီသူများဖြစ်ရမည်။
(ဇ) မဟာအင်ဂျင်နီယာသင်တန်းအလိုက် အောက်ပါအတိုင်း အင်ဂျင်နီယာဘွဲ့ရရှိသူများဖြစ်ရမည်။
|
သင်တန်းအမျိုးအစား |
အရည်အချင်းသတ်မှတ်ချက် |
|
M.E (Aerospace-Propulsion and Flight Vehicles Engineering ) |
B.E (Aerospace-Propulsion and Flight Vehicles Engineering) |
|
B.E (Aeronautical)/B.E (Mechanical) |
|
|
M.E (Aerospace-Avionics Engineering) |
B.E (Aerospace-Avionics Engineering) |
|
B.E(Electronics) |
|
|
M.E (Aerospace-Electrical System & Instru- mentation Engineering) |
B.E (Aerospace-Electrical System & Instru- mentation Engineering) |
|
B.E (Electrical Power) |
|
|
M.E (Aerospace-Space Systems Engineering ) |
B.E (Aerospace-Space Systems Engineering ) |
|
P.G Dip(SSE)(Space & Satellite Systems Engineering) |
၃။ လျှောက်လွှာနှင့်အတူ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်းနှင့်မိတ္တူ) အကျင့် စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့စခန်းတစ်ခုခုမှ ထောက်ခံစာ(မူရင်း)၊ ပတ်စပို့ အရွယ်ရောင်စုံဓါတ်ပုံ (၃)ပုံ နှင့် မဟာအင်ဂျင်နီယာဘွဲ့သင်တန်းများသို့ တက်ရောက်ရန် အဆင့်မီသူများ ဖြစ်ကြောင်း အောင်မြင်ခဲ့သော နည်းပညာတက္ကသိုလ်များမှ ထောက်ခံချက်(မူရင်း နှင့် မိတ္တူ) တို့ကို ပူးတွဲ တင်ပြရမည်။
၄။ သင်တန်းဝင်ခွင့်လျှောက်လွှာများကို ၅-၁၁-၂၀၂၅ မှစ၍ ဤတက္ကသိုလ်၌ ထုတ်ယူနိုင်ပြီး ၁၃-၁၁-၂၀၂၅ နောက်ဆုံးထား၍ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်သို့ ကိုယ်တိုင်ပေးပို့ လျှောက်ထားရမည်။ လျှောက်လွှာများပြည့်စုံ မှန်ကန်ပါက ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့် ကတ်ပြားကို ထုတ်ပေးမည်ဖြစ်ပြီး ၁၅-၁၁-၂၀၂၅ မှ ၁၆-၁၁-၂၀၂၅ သင်တန်းရေးရာဌာနသို့ လူကိုယ်တိုင်လာရောက် သတင်းပို့ရမည်။
၅။ မဟာအင်ဂျင်နီယာဘွဲ့သင်တန်းသို့ ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲကို မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ မိတ္ထီလာမြို့၌ အောက်ပါအတိုင်း ကျင်းပစစ်ဆေးပါမည်။
|
စဉ် |
ရက်စွဲ |
အချိန် |
ဘာသာရပ် |
|
(က) |
၁၇-၁၁-၂၀၂၅ |
နံနက် ၉:၀၀နာရီမှ ၁၂:၀၀ နာရီထိ |
အင်္ဂလိပ်စာ |
|
(ခ) |
၁၈-၁၁-၂၀၂၄ |
နံနက် ၉:၀၀နာရီမှ ၁၂:၀၀ နာရီထိ |
သက်ဆိုင်ရာဘာသာရပ် |
၆။ ဝင်ခွင့်စာမေးပွဲဖြေဆိုရန် လာရောက်သည့်အခါ မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)၊ စာမေးပွဲဖြေဆိုခွင့်ကတ်(မူရင်း ) တို့ကိုတစ်ပါတည်းယူဆောင်လာရမည်။
၇။ ဝင်ခွင့်စာမေးပွဲအောင်စာရင်းကို ၂၁-၁၁-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေငြာပေးမည်။
၈။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်၊မိတ္ထီလာမြို့၊တယ်လီဖုန်းနံပါတ်(၀၉-၉၄၂၄၂၂၄၄၆)သို့ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။
မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်(မိတ္ထီလာမြို့)
