Menu

Announcements Notice Board

မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် (၁၄)ကြိမ်မြောက်ဘွဲ့နှင်းသဘင် လျှောက်လွှာခေါ်ယူခြင်း

မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် (၁၄)ကြိမ်မြောက်ဘွဲ့နှင်းသဘင် လျှောက်လွှာခေါ်ယူခြင်း။

၁။       မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်တွင် အင်ဂျင်နီယာဘွဲ့သင်တန်း၊ ဘွဲ့လွန်ဒီပလိုမာ (အာကာသနှင့် ဂြိုဟ်တုစနစ်နည်းပညာ) သင်တန်းနှင့်  မဟာအင်ဂျင်နီယာဘွဲ့သင်တန်း ဘွဲ့ရစာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့ကြသည့် သင်တန်းသားများအား အင်ဂျင်နီယာဘွဲ့အပ်နှင်းရန် (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် ဘွဲ့နှင်းသဘင် တက်ရောက်ရန် (သို့မဟုတ်) အဝေးရောက် ဘွဲ့ယူရန် လျှောက်ထားနိုင်ပါသည်-

          အစမ်းလေ့ကျင့်မည့်ရက်                  - ၂၄-၁-၂၀၂၆ (စနေနေ့)

          ဘွဲ့အပ်နှင်းမည့်ရက်                         - ၂၅-၁-၂၀၂၆ (တနင်္ဂနွေနေ့)

          ကျင်းပမည့်အချိန်                           - နံနက် (၉:၀၀)နာရီ

          ကျင်းပမည့်နေရာ                           - မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ

၂။       ဘွဲ့အပ်နှင်းရေးအတွက် မြန်မာဝတ်စုံ (သို့မဟုတ်) အနောက်တိုင်းဝတ်စုံဖြင့် (၂) လ အတွင်း ရိုက်ကူးထားသော (၂ x ၁.၅) လက်မအရွယ် ဓါတ်ပုံ(၅)ပုံ (ဓါတ်ပုံ၏အောက်တွင် မှတ်ပုံတင်နံပါတ်ထည့်သွင်းရိုက်ကူးခြင်းမပြုရန်)နှင့်အတူ လျှောက်လွှာတင်ရမည်ဖြစ်ပါသည်။

၃။      ဘွဲ့နှင်းသဘင်လျှောက်လွှာပုံစံများကို ဤတက္ကသိုလ်ကျောင်းသားရေးရာဌာနတွင် ဝယ်ယူ၍ ပြည့်စုံစွာဖြည့်စွက်ပြီး မှတ်ပုံတင်မိတ္တူတစ်စုံပူးတွဲ၍ (၁၅-၁-၂၀၂၆) ရက်နေ့ နောက်ဆုံးထားပြီးလျှောက် ထားရမည်။

၄။       ဘွဲ့နှင်းသဘင် တက်ရောက်လိုသူများသည် ဘွဲ့နှင်းသဘင်ကြေး ၁၅၀ဝိ/-(ကျပ်-တစ်ထောင့် ငါးရာတိတိ)၊ အဝေးရောက်ဘွဲ့ ယူလိုသူများသည် ဘွဲ့နှင်းသဘင်ကြေး ၁၀၀ဝိ/-(ကျပ်- တစ်ထောင်တိတိ) ပေးသွင်းရပါမည်။ စာတိုက်မှ ဘွဲ့နှင်းသဘင်ကြေး ပေးပို့မည်ဆိုပါက ငွေပို့လွှာတွင် ဘွဲ့နှင်းသဘင်ကြေး ပေးပို့ခြင်း (တက်ရောက်/အဝေးရောက်)ဟု ဖော်ပြပြီး ပါမောက္ခချုပ်၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်သို့ လိပ်မူ၍ လျှောက်လွှာရှင်၏ အမည်၊ ဘွဲ့ရ စာမေးပွဲ ခုံအမှတ်၊ အထူးပြုဘာသာ၊ ပညာသင်နှစ်၊ အောင်မြင်သည့် ခုနှစ်၊ လ နှင့် နေရပ်လိပ်စာ အပြည့်အစုံ တို့ကို တိကျစွာဖော်ပြရပါမည်။ ပြည့်စုံစွာဖော်ပြထားခြင်းမရှိသည့် ငွေပို့လွှာများကို လက်ခံစဉ်းစားမည် မဟုတ်ပါ။

၅။       ယခင်နှစ်မှဘွဲ့ရစာမေးပွဲ အောင်မြင်သူများသည် အဝေးရောက်ဘွဲ့ယူရန် လျှောက်ထားနိုင်ပါသည်။

၆။       ဘွဲ့နှင်းသဘင်တက်ရောက်ရန် လျှောက်လွှာတင်သွင်းပြီး တက်ရောက်ယူရန် ပျက်ကွက်ပါက တစ်နှစ်ဆိုင်းငံ့ပြီးမှသာ ဘွဲ့လက်မှတ်ကို ထုတ်ပေးမည်ဖြစ်ပါသည်။

 

မှတ်ချက်။       ။အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဤတက္ကသိုလ် သင်တန်းရေးရာဌာန(ဖုန်း - ၀၉-၉၄၂၄၂၂၄၄၆)တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

 

NewsLetter

Make sure you dont miss interesting happenings by joining our newsletter program.

Contact Us

Myanmar Aerospace Engineering University
Mandalay Road, Meiktila, Mandalay Division
The Republic of the Union of Myanmar

  • Hot line: +95 – 09 – 942422446
  • Fax: 95 – 064 – 20 – 35245
  • Email: info@maeu.edu.mm

Social Media

Member Login or Register