ပထမနှစ်အင်ဂျင်နီယာသင်တန်းအတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်ခြင်း
မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် (၂၀၁၉-၂၀၂၀) ပညာသင်နှစ် ပထမနှစ်အင်ဂျင်နီယာသင်တန်းအတွက် ၂၀၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သော ကျောင်းသားကျောင်းသူများသည် စုစုပေါင်းရမှတ် (၄၂၀)မှတ်နှင့်အထက် (သို့မဟုတ်) (အင်္ဂလိပ်စာ၊သင်္ချာ၊ဓါတုဗေဒ၊ရူပဗေဒ) (၄)ဘာသာစုစုပေါင်းရမှတ်(၃၀၀)နှင့်အထက်ရှိသူများကို (၂၄-၆-၂၀၁၉)ရက်နေ့မှ (၂၃-၇-၂၀၁၉) ရက်နေ့ထိ လက်ခံဆောင်ရွက်ပေးမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားလိုသူများသည် တက္ကသိုလ်ဝင်ခွင့်အိတ်လျှောက်လွှာများကို မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်သို့ တိုက်ရိုက်လာရောက်လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။