Make sure you dont miss interesting happenings by joining our newsletter program.
မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၏ မိုးရာသီအားကစားပြိုင်ပွဲအား (၂၀၂၃ခုနှစ်၊ သြဂုတ်လ၊ ၂ ရက်)နေ့ မှ (၂၀၂၃ခုနှစ်၊ သြဂုတ်လ၊ ၁၂ ရက်)နေ့အထိကျင်းပခဲ့ပြီး ဆုပေးပွဲ အခမ်းအနားကို (၂၀၂၃ခုနှစ်၊ သြဂုတ်လ၊ ၁၂ ရက်)နေ့ ညနေ(၅း၃၀)နာရီ တွင်စတင်ကျင်းပခဲ့ရာ ဆုရရှိသူ အမျိုးသားဘောလုံးအသင်းအား ခေတ္တပါမောက္ခချုပ် ဒေါက်တာအောင်မျိုးသူ မှ၎င်း၊ ဆုရရှိသူ အမျိုးသမီးဘောလုံးအသင်းအား ဒုတိယပါမောက္ခချုပ် ဒေါက်တာမိုးသန္တာကြည် မှ၎င်း၊ အကောင်းဆုံးအားကစားသမားဆု၊ ဆုရရှိသူ စိုင်းညီလင်းစံ နှင့် အကောင်းဆုံးအားကစားသမားဆု၊ ဆုရရှိသူ မမေသူ တို့အား ဆရာ ဦးမောင်မောင်ရီ မှ၎င်း၊ ဂိုးသွင်းအများဆုံးဆု၊ ဆုရရှိသူ မောင်ကျော်သူရဖြိုးနှင့် ဂိုးသွင်းအများဆုံးဆု၊ ဆုရရှိသူ မဌေးဌေးဝေ တို့အား ဆရာဦးတင်ထွန်းလွင်မှ၎င်း၊ အကောင်းဆုံးဂိုးသမားဆု၊ ဆုရရှိသူ မောင်ကောင်းကျော် နှင့် အကောင်းဆုံးဂိုးသမားဆု၊ ဆုရရှိသူ မမေသဇင်အေး တို့အား ဆရာဦးသန်းစိုးဝင်း(၁) မှ၎င်း၊ ဆုတံဆိပ်များ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး ညနေ(၆း၀၀)နာရီတွင် ဆုပေးပွဲအခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။
မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်မိသားစု ဝါဆိုသင်္ဃန်းကပ်လှူပူဇော်ခြင်းအခမ်းအနား ကို ဩဂုတ်လ (၄) ရက် ၂၀၂၃ခုနစ်၊ နံနက်(၉)တွင်စတင်ပြီး သံဃာတော်များမှ ပရိတ်ကမ္မဝါများရွတ်ဖတ်ပူဇော်၍ ဝါဆိုသင်္ဃန်းကပ်လှူပူဇော်ခြင်းအကျိုးတရားအားဟောကြားကာ ပါမောက္ခချုပ်မိသားစု၊ ဒုပါမောက္ခချုပ်မိသားစု၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက နေ့ဆွမ်း၊ အချိုပွဲများ ဆပ်ကပ်လှူဒါန်းပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။
မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်တွင် မီးဘေးအန္တရာယ် အသိပညာပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဗူးမှန်ကန်စွာအသုံးပြုနည်း သရုပ်ပြခြင်းကို ၂၃၊၆၊၂၀၂၃ ရက်နေ့ မနက်(၉:၀၀)နာရီတွင်ပြုလုပ်ခဲ့ပါသည်။
ကမ္ဘာ့ပထမဦးဆုံး အာကာသယာဉ်မှူး ယူရီဂါဂါရင်၏ ကြေးသွန်းရုပ်တုကို ရုရှား ဖက်ဒရေးရှင်းနိုင်ငံမှ လှူဒါန်းခြင်းအား လွှဲပြောင်းလက်ခံနိုင်ရန်၊ ရုရှား-မြန်မာ ရှိရင်းစွဲ နှစ်နိုင်ငံ ချစ်ကြည်ရေးအား တိုးမြှင့်ဆောင်ရွက်နိုင်စေရန်နှင့် လေကြောင်းနှင့်အာကာသဆိုင်ရာ သမိုင်း မှတ်တိုင်များ၊ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၏ ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုများကို ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ လာရောက်လေ့လာနိုင်ရန် ရည်ရွယ်ချက်များဖြင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်ရှိ လေကြောင်းနှင့် အာကာသဆိုင်ရာ ပြခန်းဖွင့်ပွဲနှင့် ကမ္ဘာ့ပထမဆုံးအာကာသယာဉ်မှူး ယူရီဂါဂါရင်ရုပ်ထုလွှဲပြောင်းလက်ခံပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံ လေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ မြန်မာနိုင်ငံဆိုင်ရာ ရှရှားနိုင်ငံသံအမတ်ကြီး Dr. Nikolay Listopadov၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သံရုံးအရာရှိများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
Make sure you dont miss interesting happenings by joining our newsletter program.
Myanmar Aerospace Engineering University
Mandalay Road, Meiktila, Mandalay Division
The Republic of the Union of Myanmar