တက္ကသိုလ်၏ သင်တန်းများပြန်လည်ဖွင့်လှစ်ကြောင်း အသိပေးကြေညာခြင်း။
တက္ကသိုလ်၏ သင်တန်းများပြန်လည်ဖွင့်လှစ်ကြောင်း အသိပေးကြေညာခြင်း။
၁။ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၏
(က) ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ အင်ဂျင်နီယာဘွဲ့သင်တန်း(ပထမနှစ်)
(ခ) ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အင်ဂျင်နီယာဘွဲ့သင်တန်း(တတိယနှစ်၊ စတုတ္ထနှစ်၊ ပဥ္စမနှစ်၊ နောက်ဆုံးနှစ်)
(ဂ) ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အင်ဂျင်နီယာဘွဲ့သင်တန်း(ပထမနှစ်) (၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ) ၏
သင်တန်းများကို (၁၂-၅-၂၀၂၂)ရက်နေ့မှစတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
၂။ (က) ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်သင်တန်းကို (၂၀-၄-၂၀၂၂) ရက်နေ့မှ (၂၇-၅-၂၀၂၂) ရက်နေ့အထိ၊
(ခ) ၂၀၁၉-၂၀၂၀ ပညာသင်နှစ် နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ သင်တန်းများကို (၂-၅-၂၀၂၂) ရက်နေ့မှ (၂၇-၅-၂၀၂၂) ရက်နေ့အထိ၊ ကျောင်းအပ်လက်ခံမည်ဖြစ်ပါသည်။
၃။ အဆောင်နေထိုင်ခွင့်ကို ကျောင်းစတင်မဖွင့်မှီ (၁၀-၅-၂၀၂၂) ရက်နေ့နောက်ဆုံးထား၍ သင်တန်းနှင့်ကျောင်းသားရေးရာဌာနတွင် ကိုယ်တိုင်လျှောက်ထားရမည်ဖြစ်ပါသည်။