Menu

Announcements Notice Board

ငွေလုံးငွေရင်းအသုံးစရိတ်(စက်ပစ္စည်း)ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း။

၁။       သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အောက်ဖော်ပြပါ  လုပ်ငန်းများကို ငွေလုံးငွေရင်းအသုံးစရိတ်(စက်ပစ္စည်း) ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူရန်ရှိပါသဖြင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

          Lot(1)  Non Control Item

၂။       အိတ်ဖွင့်တင်ဒါပုံစံနှင့်   စည်းကမ်းချက်များကို      (  ၁၀ .၇.၂၀၂၃)ရက်နေ့မှစ၍      ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါများကို   (  ၂၅ .  ၇  .၂၀၂၃)ရက်နေ့   ညနေ (4:00)နာရီ နောက်ဆုံးထား‌ပြီး တင်ဒါများ တင်သွင်းရမည် ဖြစ်ပါသည်။  (တင်ဒါဖွင့်မည့်ရက်ကို ထပ်မံကြော်ငြာပေးပါမည်။)

၃။       အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန်အတွင်း ဖုံးနံပါတ် ၀၉-၉၇၉၃၂၇၈၄၇နှင့် ၀၉-၇၉၀၇၆၄၇၉၅ များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

                                                                                                                                                                                တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

                                                                                                                                                                      မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်

 

                                                                                        (Lot)များ၏ တင်ဒါပုံစံကြေးနှင့်တင်ဒါစဘော်ငွေ


မှတ်
စဉ်
Lot
အမှတ်
စဉ်
ပစ္စည်းအမျိုးအမည် အရေအတွက် တင်ဒါပုံစံကြေး
(ကျပ်)
တင်ဒါစဘော်ငွေ
(ကျပ်)
    Works      
  Lot 1 Non Control Item   ၁၀၀၀၀ ၂၇၀၅၀၀၀
  1.Control Mometum Gyroscope
Specification: Max: control moment:0.1Nm
Max:angular momentum:0.008 Nms
Power supply : 5V,12V,Mass:400g,Dimension:
146x46x42mm
Mominal Power Consumption : 4W,Max: Power Consumption
14.4 W, Digital Interface: CAN2B
1 No    
  2.Flywheel
Specification: Max: control moment: 0.0471Nm,Max: angular momentum: 0.5Nms, Power Consumption 2,8 W(Nomial)
44,7 W(Max:),Mass:450g
Dimension : 88x90x79mm,Digigal Interface: CANNN2B
1 No    
  3.Oscilloscope
Channel-4,
Bandwith-100MHz,Display-8 inches, Sampling Rate-1Gs/s
Time Base Scale -20ns/div-50s/div
1 No    
  4.OrbiCrafts satellite functional ki
Article: SX-ORBICRAFT-1.0
Satellite functional kit contains:
Payload; Onboard computer based on Raspberry Pi;
Power supply unit;UHF-transceiver;Sun sensor,angular rate velocity sensor, magnetic field senser and flywheel; 
1 No    
  5.Electromagnetic Torquer(X-axis)
Model:-SX-MT-50
Max: magnetic moment Am2=5.0
Mass: 200g,Outer Dia:20 mm,Length:330mm
1 No    
  6.Electromagnetic Torquer(Y-axis)
Model: SX-MT-20
Max:magnetic moment : Am2=2.0
Mass: 160 g,Outer Dia: 15 mm,Length: 150mm
1 No    
  7.Electromagnetic Torquer(Z-axis)
Model :SX-MT-20
Max:magnetic moment : Am2=3.0
Mass: 180 g,Outer Dia: 16 mm,Length:      232 mm
1 No    
  8.Complex of space environment simulators ''Terra''
Article: SX-TERRA-01
Contains: Magnetic field simulator;
Earth mock-up; Sun simulator ; Software
1 No    

မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၏ သင်တန်းကာလအစီအစဉ် (Academic Plan) အားထုတ်ပြန်ကြေငြာခြင်း။

မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၏ သင်တန်းကာလအစီအစဉ် (Academic Plan)

ပညာသင်နှစ် သင်တန်းအမည် ကာလ အကြောင်းအရာ
၂၀၂၃-၂၀၂၄ ဒုတိယနှစ် ပထမနှစ်ဝက် ​ကျောင်းအပ်လက်ခံရက်         -         (၂၃-၅-၂၀၂၃)ရက်
စတုတ္ထနှစ် စတင်ဖွင့်လှစ်မည့်ရက်             -         (၁-၆-၂၀၂၃)ရက်၊ ကြာသပတေးနေ့
ပဉ္စမနှစ် သင်တန်းကာလ                     -         (၁-၆-၂၀၂၃) ရက်မှ (၂၀-၉-၂၀၂၃) ရက်ထိ၊ (၁၆) ပတ်
​နောက်ဆုံးနှစ် ကိုယ်ပိုင်စာကြည့်ချိန်             -         (၂၁-၉-၂၀၂၃) ရက်မှ (၂၄-၉-၂၀၂၃) ရက်ထိ
စာမေးပွဲကျင်းပမည့်ရက်         -         (၂၅-၉-၂၀၂၃) ရက်မှ (၆-၁၀-၂၀၂၃) ရက်ထိ
၂၀၂၂-၂၀၂၃ ပထမနှစ် ဒုတိယနှစ်ဝက် စတင်ဖွင့်လှစ်မည့်ရက်             -         (၁-၆-၂၀၂၃)ရက်၊ ကြာသပတေးနေ့
သင်တန်းကာလ                     -         (၁-၆-၂၀၂၃) ရက်မှ (၂၀-၉-၂၀၂၃) ရက်ထိ၊ (၁၆) ပတ်
ဒုတိယနှစ် ကိုယ်ပိုင်စာကြည့်ချိန်             -         (၂၁-၉-၂၀၂၃) ရက်မှ (၂၄-၉-၂၀၂၃) ရက်ထိ
စာမေးပွဲကျင်းပမည့်ရက်         -         (၂၅-၉-၂၀၂၃) ရက်မှ (၆-၁၀-၂၀၂၃) ရက်ထိ
တတိယနှစ် သင်တန်းဖွင့်လှစ်ခြင်းမရှိပါ။
ဆက်သွယ်မေးမြန်းလိုပါက သင်တန်းရေးရာဖုန်းနံပါတ် (၀၉-၉၄၂၄၂၂၄၄၆) သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 

မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်(မိတ္ထီလာမြို့) တက္ကသိုလ်ဝင်ခွင့်ရသူများစာရင်းအား ထုတ်ပြန်ကြေငြာခြင်း။

                                      တက္ကသိုလ်၀င်ခွင့်ရသူများစာရင်း (၂၀၂၂ ခုနှစ်အောင်)

                                                                                                                                            ဦးရေ- (၂၇)

 

စဉ် ၂၀၂၂ ခုနှစ်
တက္ကသိုလ်၀င် စာမေးပွဲခုံအမှတ်
အမည် နိုင်ငံသားစိစစ်ရေး
ကတ်ပြားအမှတ်
စုစုပေါင်း
ရမှတ်
1 ဆတမ-၁၀၅ မောင်ဟိန်းထက်နိုင် ၁၂/တမန(နိုင်)
၁၃၁၉၀၇
479
2 ဆဃဘ-၃၆၀ မောင်ထူးမြတ်စံ ၁၂/မဘန(နိုင်)
၂၁၃၂၀၇
472
3 ဆဃဘ-၂၁၉ မောင်ဘုန်းပြည့်ကျော် ၁၂/မဘန(နိုင်)
၁၉၈၇၇၅
472
4 မနတ-၂၃၂ မောင်တင်မျိုးနိုင် ၉/ပကခ(နိုင်)၀၄၆၉၃၉ 471
5 စသ-၇၄ မောင်သက်ပိုင်စိုး ၅/ထခန(နိုင်)
၁၂၀၈၈၃
467
6 ဒကဌ-၄၈ မဖူးပွင့်စံ ၁၁/ကဖန(နိုင်)
၁၅၁၁၀၆
467
7 ရက-၂၇၈ ​မောင်နေအောင်လွှမ်း ၁၃/တကန(နိုင်) ၃၄၈၇၁၇ 459
8 ဆကရ-၃၉၇ မသီရိတင် ၁၄/ဒဒရ(နိုင်)
၂၃၅၆၅၆
458
9 စသ-၇၅ မောင်အောင်ထူးစံ ၅/ကသန(နိုင်)
၁၃၇၄၆၄
457
10 ပလ-၇၇ မောင်ပြည့်ဖြိုးအောင် ၇/လပတ(နိုင်)
၁၉၇၀၆၂
453
11 နဇမ-၁၆၀ မောင်ဝေယံလင်းထက် ၉/ဇဗသ(နိုင်)
၀၀၅၉၅၂
449
12 ဆဃဘ-၃၅၉ မသူသူငြိမ်းချမ်း ၁၂/မဘန(နိုင်)
၁၇၇၆၀၀
449
13 ဒခ-၈၂ မဧပြီကျော် ၁၁/ကတန(နိုင်) ၁၆၆၁၉၄ 449
14 ဆဖအ-၁၁၇ မောင်ဉာဏ်လင်းထက် ၁၂/ဒဂမ(နိုင်)
၀၅၈၆၄၂
448
15 မထတ-၁၃၃ မောင်အောင်ချမ်းမင်း ၉/သစန(နိုင်)
၂၀၇၇၉၂
447
16 လဘလ-၁၆ မောင်သီဟသန်းထိုက် ၃/ဘအန(နိုင်)
၄၂၂၆၉၉
447
17 စသ-၅၀၅ မောင်နိုင်ဝင်း ၅/ကသန(နိုင်)
၁၅၂၆၀၇
447
18 ဆသက-၁၃၃ မောင်စိုးသီဟထွန်း ၁၂/သဃက(နိုင်)
၂၁၅၂၆၉
445
19 နလအ-၅၆ မောင်ဟိန်းထက်ဇော် ၉/လဝန(နိုင်)
၃၁၂၂၇၂
442
20 ရက-၆၃ စိုင်းဝမ်းရှဲန် ၁၃/တကန(နိုင်)
၃၃၉၆၄၉
442
21 ပယဂ-၁၄ မောင်မျိုးသက်ပိုင် ၇/ရတရ(နိုင်)
၂၂၅၁၇၄
440
22 အယက-၂၆၅ မောင်ထွန်းလင်းအောင် ၁၄/အဂပ(နိုင်)
၂၂၆၀၂၅
439
23 အဟ-၁၄၁ မောင်မျိုးမင်းဟိဏ်း ၁၂/ကတတ(နိုင်)
၀၃၄၀၃၇
439
24 ရလ-၃၇၁ နန်းဆိုင်ဟန် ၁၃/ကသန(နိုင်)
၀၄၈၉၅၀
434
25 ဖမ-၂၅၄ မောင်အောင်ကောင်းသန့် ၈/မကန(နိုင်)
၃၁၀၄၉၃
428
26 ဆမဒ-၂၃၆ မောင်ကောင်းသုတ ၁၂/မဂဒ(နိုင်)
၁၈၅၂၁၉
422
27 နလဝ-၁၇၄ မောင်အောင်ဇင်ဘို ၉/ဇဗသ(နိုင်)
၀၀၇၆၉၈
414

အင်ဂျင်နီယာ ဘွဲ့ကြိုသင်တန်းများ ဖွင့်လှစ်မည်ဖြစ်ကြောင်း အကြောင်းကြားခြင်း။

 

            မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ အင်ဂျင်နီယာ ဘွဲ့ကြိုသင်တန်းများဖြစ်သည့် ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့် တတိယနှစ်မှ နောက်ဆုံးနှစ်အထိ သင်တန်းများကို ၁၀-၁၁-၂၀၂၂ရက် (ကြာသပတေးနေ့)တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း အကြောင်းကြားပါသည်။    

အင်ဂျင်နီယာဘွဲ့လွန်ဒီပလိုမာ (အာကာသနှင့်ဂြိုဟ်တုစနစ်နည်းပညာ) သင်တန်း အမှတ်စဉ်(၁) သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်

အင်ဂျင်နီယာဘွဲ့လွန်ဒီပလိုမာ (အာကာသနှင့်ဂြိုဟ်တုစနစ်နည်းပညာ) သင်တန်း 

အမှတ်စဉ်() သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း

 

၁။ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၌ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် အတွက်အင်ဂျင်နီယာဘွဲ့လွန်ဒီပလိုမာ(အာကာသနှင့်ဂြိုဟ်တုစနစ်နည်းပညာ) သင်တန်း အမှတ်စဉ် (၁) ကို ၂၀၂၂ ခုနှစ် ၊ ဩဂုတ်လ(၂၂) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။

၂။ အင်ဂျင်နီယာဘွဲ့လွန်ဒီပလိုမာ(အာကာသနှင့်ဂြိုဟ်တုစနစ်နည်းပညာ) သင်တန်းအတွက် ဝင်ခွင့်စာမေးပွဲဖြေဆိုအောင်မြင်ရမည်ဖြစ်ပြီး အောက်ပါဖော်ပြပါ ဘွဲ့တစ်ခုခု ရရှိထားသူများ လျှောက်ထားနိုင်ပါသည်-

          (က) မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် မှ ပေးအပ်ထားသော အင်ဂျင်နီယာဘွဲ့ ရရှိထားသူများ၊

          (ခ)  B.E(Mechanical), B.E(Electronics), B.E(Electrical Power), B.E( Information Technology), B.E(Mechatronic), B.Sc(Applied Physics), B.Sc(Applied Mathematics) ဘွဲ့ရရှိထားသူများ ၊ ကွန်ပျူတာတက္ကသိုလ်များ မှ B.C.Sc, B.C.Tech, ဘွဲ့ ရရှိထားသူများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် မှ B.Arg.Sc ဘွဲ့ရရှိထားသူများ နှင့် သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် တို့ မှ B.Sc(Forestry), B.Sc(Environmental Science) ဘွဲ့ရရှိထားသူများ။

၃။ အင်ဂျင်နီယာဘွဲ့လွန်ဒီပလိုမာ(အာကာသနှင့်ဂြိုဟ်တုစနစ်နည်းပညာ) သင်တန်းကာလမှာ အချိန်ပြည့် (၁) နှစ်သင်တန်းဖြစ်ပါသည်။ Course Work ပထမနှစ်ဝက် (၁၈) ပတ် နှင့် ဒုတိယ နှစ်ဝက် (၁၈) ပတ်ဖြစ်ပြီး Term Paper ပြုစုခြင်း နှင့် Term Paper နှင့်သက်ဆိုင်သော Seminar  (၂) ကြိမ် ဖတ်ကြားတင်သွင်းရပါမည်။ သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံအောင်မြင်ပါက Post Graduate Diploma in Space and Satellite Systems Engineering (P.G.Dip-SSE)ဘွဲ့အပ်နှင်းမည်ဖြစ်သည်။

၄။ ဝင်ခွင့်လျှောက်ထားလိုသူများသည် အောက်ပါသတ်မှတ်ချက်များနှင့် ပြည့်စုံကြောင်း အထောက်အထား မူရင်းနှင့် မိတ္တူများကို တင်ပြရမည်-

          (က)  ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် အသက် (၃၀) နှစ်ထက်  မကြီးသူဖြစ်ရမည်။ ဝန်ထမ်းများဖြစ်ပါက အသက် (၃၅) နှစ်ထက် မကြီး သူ ဖြစ်ရမည်။ 

           (ခ)  သင်တန်းသို့ အချိန်ပြည့်တက်ရောက်နိုင်သူ ဖြစ်ရမည်။ 

           (ဂ)  ဝန်ထမ်းဖြစ်ပါက သင်တန်းသို့ အချိန်ပြည့် တက်ရောက်ခွင့်ပြုကြောင်းကို သက်ဆိုင်ရာ အကြီးအကဲ၏ ခွင့်ပြုချက်မူရင်း တင်ပြရမည်။ 

           (ဃ) မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်တွင် စစ်ဆေးမည့် သင်တန်း ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲ နှင့် လူတွေ့စစ်ဆေးခြင်းကို ဝင်ရောက်ဖြေဆို အောင်မြင်သူများကိုသာ လက်ခံမည်။

၅။ လျှောက်လွှာနှင့်အတူ လျှောက်ထားသူ၏ အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ စခန်းတစ်ခုခုမှ ထောက်ခံစာမူရင်း၊ ပတ်စပို့ဓါတ်ပုံ (၃)ပုံ၊ ဘွဲ့လက်မှတ် မူရင်းနှင့် မိတ္တူ တို့ကို တင်ပြရမည်။

၆။ သင်တန်းဝင်ခွင့်လျှောက်လွှာများကို (၁-၇-၂၀၂၂) ရက်နေ့မှ စ၍ ဤတက္ကသိုလ်၌ ထုတ်ယူ နိုင်ပြီး၊ (၂၅-၇-၂၀၂၂) ရက်နေ့ နောက်ဆုံးထား၍ ကိုယ်တိုင်လျှောက်ထားရမည်။ လျှောက်လွှာများ ပြည့်စုံ မှန်ကန်ပါက ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားကို ထုတ်ပေးမည်ဖြစ်ပြီ (၃၀.၇.၂၀၂၂) ရက်နေ့ မှ (၃၁.၇.၂၀၂၂) ရက်နေ့အတွင်း မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် သို့ လူကိုယ်တိုင် လာရောက်သတင်းပို့ရမည်။

၇။  အင်္ဂလိပ်စာဘာသာရပ်အတွက် ပြန်လှန်သင်ကြားခြင်း အစီအစဉ်ကို (၁.၈.၂၀၂၂) ရက်နေ့မှ (၁၂.၈.၂၀၂၂) ရက်နေ့အထိ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်တွင် သင်ကြားပေးပါမည်။

၈။  ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲကို မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် မိတ္ထီလာမြို့၌ အောက်ပါအတိုင်း ကျင်းပစစ်ဆေးပါမည်-

စဉ်

ရက်စွဲ

အချိန်

ဘာသာရပ်

(က)

၁၅-၈-၂၀၂၂

နံနက် ၉း၀၀နာရီမှ ၁၁း၀၀နာရီထိ

English

(ခ)

၁၉-၈-၂၀၂၂

နံနက် ၉း၀၀နာရီမှ ၁၁း၀၀နာရီထိ

လူတွေ့စစ်ဆေးခြင်း

၉။ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက မြန်မာနိုင်ငံလေကြောင်း နှင့် အာကာသ ပညာတက္ကသိုလ်၊ မိတ္ထီလာမြို့၊ ဖုန်းနံပါတ် (၀၆၄-၂၀၃၅၂၄၂ ၊ ၀၆၄-၂၀၃၅၂၄၄၊ ၀၉-၇၅၇၆၂၀၇၂၀၊ ၀၉-၂၅၆၁၀၂၃၁၉၊ ) သို့ ဆက်သွယ် စုံစမ်း မေးမြန်း နိုင်ပါသည်။

                                         လျှောက်လွှာဖေါင်ရယူရန်

NewsLetter

Make sure you dont miss interesting happenings by joining our newsletter program.

Contact Us

Myanmar Aerospace Engineering University
Mandalay Road, Meiktila, Mandalay Division
The Republic of the Union of Myanmar

  • Hot line: +95 – 09 – 942422446
  • Fax: 95 – 064 – 20 – 35245
  • Email: info@maeu.edu.mm

Social Media

Member Login or Register